ရန်ကုန် ယူနိုက်တက် (၀-၂) မကွေး FC ပွဲစဉ် ပွဲပြီး ပြောစကားများ

နာမည်ကြီး ရန်ကုန် ယူနိုက်တက်အား မကွေးအသင်းက ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် နှစ်ဖက် အသင်း နည်းပြများ၏ တုံ့ပြန် ပြောကြားခဲ့သည်များအား Soccer Myanmar ပရိသတ်ကြီးထံ အရောက် တင်ဆက်ပေးလိုက် ရပါသည်။


“ပွဲကောင်း တစ်ပွဲပါ။ နှစ်ဘက် စလုံးက အနိုင် လိုချင်စိတ် ပြင်းပြနေလို့ အကြိတ်အနယ် ကစားခဲ့ကြ ပါတယ်။ နိုင်ဦးလွင်ရဲ့ အနီက်းနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်သူ့ကို သေချာ ပြန်မမေး ရသေးပါဘူး။ ဒါကြောင့် လောလောဆယ်တော့ ဒိုင်လူကြီးကို ဘာမှ မဝေဖန်ချင် သေးပါဘူး။ မက်ဆီပိုဟာ လေ့ကျင့်ခန်းမှာ ဒူးနာသွားလို့ မထည့်ဖြစ်တာပါ။ သူ့ကို သွေးပူ လေ့ကျင့်ခန်း လုပ်ခိုင်းကြည့် ပါသေးတယ်။ အဆင်မပြေလို့ မထည့်တာပါ။ ကျွန်တော်တို့ဟာ ဒီပွဲ အတွက် သေချာ ပြင်ခဲ့ပေမယ့် အမှားအယွင်း လေးတွေ ရှိခဲ့လို့ ရှုံးနိမ့် ခဲ့ရတာပါ။ ဘောလုံးပွဲမှာ အရှုံးနဲ့ အနိုင်ဆိုတာ အမြဲရှိပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော့် ကလေးတွေ ကြိုးစားခဲ့ကြတယ်။ လိုအပ်ချက်တွေ ရှိနေသေး လို့သာ အနိုင်မရ ခဲ့တာပါ။ ဒီနေ့ ကစားပံကို ကျေနပ်ပါတယ်၊ ပြိုင်ပွဲက မပြီးသေးပါဘူး။ နောက်ပွဲတွေမှာ ဒီပွဲရဲ့ အမှား တွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ကစားနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ဂိုး ပေးရပြီးမှ နိုင်ငံခြားသား တွေကို ထည့်တာဟာ သူတို့ အနေနဲ့ အသင်းအပေါ် ဘယ်လိုများ ပေးဆပ်နိုင်မလဲ ဆိုတာကို သိချင်လို့ပါ”

ဦးမျိုးလှိုင်ဝင်း (ရန်ကုန်အသင်း နည်းပြချုပ်)

“ဒီပွဲအတွက် ကျွန်တော် တော်တော်လေး ပြင်ဆင် ထားပါတယ်။ မနေ့ညက တစ်ညလုံးလည်း ကောင်းကောင်း မအိပ် ရသေးပါဘူး။ ကျွန်တော့် ကစားသမား တွေဟာ ပထမပွဲရော ဒုတိယပွဲမှာပါ ပြင်းပြင်းထန်ထန် ကစားသွားခဲ့ ပါတယ်။ ဒီနေ့ ရလဒ်ဟာ အကောင်းဆုံး ရလဒ်ပါ။ အသင်းခေါင်းဆောင် လွင်ဦးဟာ ဒဏ်ရာ ရှိနေပေမယ့် အားလုံးတွေ့တဲ့ အတိုင်း အကောင်းဆုံး ကစားသွားပါတယ်။ ကျွန်တော်တို့ဟာ ကစားသမား တွေကို ဘယ်အချိန် မှာ လူစားလဲမယ် ဆိုတာကို နည်းဗျူဟာ ကျကျ ကြိုတင်ပြင်ဆင် ထားတာပါ။ မျိုးလှိုင်ဝင်းဟာ လူငယ်တွေထဲမှာ နည်းပြ ဆရာကောင်း တစ်ယောက်ပါ။ ကျွန်တော်နဲ့ စာရင် အတွေ့အကြုံ လေးတွေတော့ လိုသေး တာပေါ့နော်။ ကျွန်တော်က ဒီလောကထဲကို ရောက်နေတာလည်း ကြာပြီလေ။ သူဟာ နောက်ပိုင်းကျရင် လက်ရွေးစင် အသင်းအတွက် အားထားရတဲ့ နည်းပြကောင်း တစ်ယောက် ဖြစ်လာနိုင်ပါတယ်”

ဦးကြည်လွင် (မကွေးအသင်း နည်းပြ)

credit - soccermyanmar


ကံမကောင်းခဲ့သည်....ရန်ကုန်သားတို့၏ ဒုတိယပွဲစဉ်


ရန်ကုန်ယူနိက်တက် အက်ဖ်စီး မကွေး

( 0 : 2 )


Download By Mediafire

Part 1

Part 2

Part 3



ရယ်စရာ မောစရာ - နောက်ပြောင်မှုများ

ရတနာပုံ အသင်း၏ အသင်းခေါင်းဆောင် ခင်မောင်ထွန်းသည် မိမိထက် အသက်အရွယ်ကြီးသော ဒိုင်လူကြီးများအား မလေးမစား ပရိုဆန်သင့်သည်ဟု စတင်ဝေဖန်လိုက်ပြီး ၊ ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲတွင် တဖက်အသင်းနည်းပြ မိမိအဖေဖြစ်သူအား ဘောလုံးပွဲ မစခင် ဝေဖန်သော်ကြောင့် ၊ သိကြားမင်းမှ ကြည့်မနေဘဲ မိဘကိုစော်ကားမှု ၊ နည်းပြများကို စော်ကားမှုဖြင့် ယမန်နေ့ နံနက် လေ့ကျင့်ရေးကွင်းတွင် မြေမြိုသွားကြောင်း သတင်းရရှိပါသည်။




( ပုဂ္ဂိုလ်ရေးအရ စော်ကားခြင်း မဟုတ်ပါဟု ၀န်ခံပါသည် ) ပျော်ရွှင်ရယ်မောစေရန် အတွက်သာ...ဖြစ်ပါကြောင်း

ပထမဆုံးနိင်ပွဲ ( ရန်ကုန် ၄း ၀ ဇေယျာရွှေမြေ )

(မေလ ၁၆ ရက်နေ့) ညနေပိုင်းက ကစားခဲ့သော ရန်ကုန် ယူနိုက်တက်နှင့် ဇေယျာရွှေမြေ အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်က (၄-၀)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်သည် မြန်မာ နေရှင်နယ် လိဂ်၏ ပထမဆုံး ပြိုင်ပွဲဖြစ်သော MNL Cup Grand Royal 2009 ၏ ပထမဆုံး ပွဲစဉ်လည်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ရှင်အသင်း ဖြစ်သဖြင့် ပရိသတ် အားပေးမှုကို တခဲနက် ရရှိခဲ့သည်။ ဇေယျာ ရွှေမြေမှာမူ ပရိသတ် ရရှိစေရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်း ခဲ့သော်လည်း ရေရှည်တွင် ပရိသတ် အစစ်အမှန်များကို မကျော်နိုင်တော့ဘဲ စောစီးစွာ လှည့်ပြန် ကုန်ကြသည်ကို တွေ့ရှိ ခဲ့ရသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဂိုးသမား အောင်အောင်ဦးအား အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် ထားပြီး ဋ္ဌေးအောင်၊ စိုးလင်းထွန်း တို့ဖြင့် ခံစစ်၌ အထိုင် ချထားသည်။ ကွင်းလယ်တွင် မျိုးမင်းထွန်းအား play-maker အဖြစ် ထားရှိကာ ဇင်မင်းဦး၊ ကြည်လင်း၊ တင်ဝင်းအောင် စသည့် လူငယ် ခြေတက်များဖြင့် ရံထားခဲ့သည်။ တိုက်စစ်တွင်မူ ကျော်သူရနှင့် နိုင်ဦးလွင်အား တွဲဖက်ကစား စေခဲ့သည်။ ဇေယျာရွှေမြေမှာမူ စီးပွားကူးသန်း ကစားသမား များအား အဓိက အထိုင်ချကာ ကစားခဲ့သည်ကို တွေ့ရသည်။ အသင်း ခေါင်းဆောင် အဖြစ် မင်သူက တာဝန်ယူခဲ့ပြီး ဇော်လင်းထွန်း(၁)၊ အောင်မျိုးသန့်၊ စည်သူသန်း၊ ရာဇာဝင်းသိန်း စသည့် ကစားသမား များကို အားပြု ကစားခဲ့သည်။


ပွဲအစ ၇ မိနစ်ကတည်းက ဇေယျာရွှေမြေ ဘက်မှ ခေါင်းတိုက် ဂိုးသွင်းခွင့် စတင် ရရှိခဲ့သော်လည်း တိုင်ဘေးမှ ကပ်ထွက် ခဲ့သည်။ မိနစ် ၂၀ ကျော်အထိ ဇေယျာရွှေမြေ ဘက်မှသာ တရစပ် တိုက်စစ်ဆင် နေပြီး ရန်ကုန်ဘက်မှ ထိထိရောက်ရောက် တိုက်စစ်ဆင် နိုင်ခြင်း မရှိခဲ့ပေ။ ၂၅ မိနစ် နောက်ပိုင်း တွင် ရန်ကုန်ဘက်မှ တလှည့်ပြန်၍ ဖိကစား လာခဲ့ရာ ပထမပိုင်း တစ်ပိုင်း တည်း၍ အပိုင် ဂိုးသွင်းခွင့် ၅ ကြိမ်ထက် မနည်း ရရှိခဲ့ပြီး ဇေယျာရွှေမြေ ဂိုးသမား ဇော်မိုးထက် လက်စွမ်းပြနိုင် ခဲ့၍သာ သက်သာ ခဲ့ရခြင်း ဖြစ်သည်။ ၃၅ မိနစ်တွင် ရန်ကုန် အသင်းဘက်မှ အပိုင်ကန်သည့် အလုံး တိုင်ထိ ထွက်သွား သဖြင့်လည်း နစ်နာခဲ့ရသည်။

ဒုတိယပိုင်း တွင်မူ ရန်ကုန် အသင်းဘက်မှ ပွဲစသည်နှင့် လျင်လျင်မြန်မြန် တိုက်စစ်ဆင် ခဲ့သဖြင့် ၄၆ မိနစ်တွင် ပထမဂိုး စတင် ရရှိခဲ့သည်။ ယင်းဂိုးကို ခြေစွမ်းပြ နေသည့် မျိုးမင်းထွန်းက ထောင့်ကန်ဘောအား ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ်၏ ပထမဆုံးဂိုး အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။ ထို့နောက်တွင် ဇေယျာရွှေမြေ အသင်းက ကျော်ဇင်ဝင်း အစား ကျော်ကိုကိုအား ထည့်သွင်းကာ ချေပဂိုးရရန် တိုက်စစ်မြှင့် ခဲ့သည်။ ၅၂ မိနစ်တွင် ပြိုင်ဘက် ကစားသမားအား ဥပဒေပ ကြမ်းတမ်းစွာ ကစားခဲ့သည် ရန်ကုန် တိုက်စစ်မှူး နိုင်ဦးလွင် အ၀ါကဒ် ပြသခံခဲ့ရ သဖြင့် နေရှင်နယ် လိဂ်၏ ပထမဆုံး အ၀ါကဒ် အဖြစ် မှတ်တမ်း ၀င်ခဲ့ ပြန်သည်။

ရန်ကုန် နည်းပြ ဦးမျိုးလှိုင်ဝင်းသည် အ၀ါကဒ် ထိသွားသူ နိုင်ဦးလွင်ကို ၅၅ မိနစ်၌ ထုတ်ကာ ကင်မရွန်း တိုက်စစ်မှူး မက်ဆီပိုအား ထည့်သွင်း ကစားစေ ခဲ့သည်။ မက်ဆီပိုသည် အသင်းနှင့် အချိတ်အဆက် မမိ သေးသော်လည်း တစ်ဦးချင်း စွမ်းရည်မှာ ကောင်းမွန်ကြောင်း တွေ့ရသည်။ ၇၁ မိနစ်တွင် ရန်ကုန် ကွင်းလယ်လူ ကြည်လင်းက ဇေယျာရွှေမြေ နောက်ခံလူ တစ်ယောက်ကို လိမ်ကာ ဂိုးသမား၏ ညာဘက် ထောင့်ထဲသို့ အပြင်း ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့သည်။ ထို့နောက်တွင် ရန်ကုန်သည် တိုက်စစ်မှူး ကျော်သူရကို ထုတ်ကာ လူငယ် ကစားသမား ရန်အောင်ဝင်းကို ထည့်သွင်း ခဲ့သည်။


၈၃ မိနစ်တွင် ဒုတိယဂိုးရှင် ကြည်လင်းကပင် တန်ပြန် တိုက်စစ်မှ သယ်ယူလာသော ဘောလုံးကို ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင် အတွေ့တွင် တတိယဂိုး သွင်းယူ ခဲ့ပြန်သည်။ ထို့နောက် ကြည်လင်းကို ထုတ်ကာ မြတ်ထူးနိုင်ကို လူစားလဲခဲ့သည်။ ၈၇ မိနစ်တွင်မူ ကင်မရွန်း တိုက်စစ်မှူး မက်ဆီပိုက ဂိုးဧရိယာ ရှေ့တွင် နောက်ခံလူ တစ်ယောက်ကို ကျော်ဖြတ်ကာ ဂိုးသမား မမှီနိုင်သည့် အဝေးထောင့် ထဲသို့ ကန်သွင်းပြီး အပိတ်ဂိုးကို သွင်းယူခဲ့သည်။ ဇေယျာရွှေမြေ အသင်းသည် ထူးကျော်၊ ရဲဝေယံစိုး အစရှိသည့် ကစားသမား များကို ထပ်မံ ထည့်သွင်းပြီး ကစား ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပြီး ၈၉ မိနစ်တွင် ရရှိသည့် ပယ်နယ်တီ ကိုလည်း ကျော်ဋ္ဌေးဦးက လွဲချော်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ကွင်းလယ်လူ မျိုးမင်းထွန်းက ရရရှိခဲ့ပြီး ဆုကြေး ၅ သိန်း ရခဲ့သည်။ အနိုင်ရသည့် ရန်ကုန် ယူနိုက်တက် သည်လည်း ကမ္ဘောဇ ဘဏ်က ချီးမြှင့်သည့် ဆုငွေ ၁၀ သိန်းကျပ်ကို ရရှိခဲ့သည်။ ထိုပွဲ အနိုင်ကြောင့် ရန်ကုန် ယူနိုက်တက် အသင်းသည် MNL Cup Grand Royal 2009 အမှတ်ပေး ဇယားတွင် စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ပါဝင်ကစား ကြသူများ

ဇေယျာရွှေမြေ - ဇော်မိုးထက်၊ မင်းသူ၊ ဇော်လင်းထွန်း(၁)၊ ကျော်ဋ္ဌေးဦး၊ အောင်မျိုးသန့်၊ စည်သူသန်း (ရဲဝေယံစိုး ၈၆ မိနစ်)၊ ရာဇာဝင်းသိန်း၊ အောင်မိုး (ထူးကျော် ၇၆ မိနစ်)၊ ချန်းချန်း၊ မျိုးဇော်ထွန်း၊ ကျော်ဇင်ဝင်း (ကျော်ကိုကို ၄၈ မိနစ်)

ရန်ကုန် ယူနိုက်တက် - အောင်အောင်ဦး၊ ကျော်ဒွန်း၊ ဋ္ဌေးအောင်၊ စိုးလင်းထွန်း၊ တင်ဝင်းအောင်၊ ကြည်လင်း (မြတ်ထူးနိုင် ၈၄ မိနစ်)၊ နိုင်ဦးလွင် (မက်ဆီပို ၅၅ မိနစ်)၊ ကျော်သူရ (ရန်အောင်ဝင်း ၇၈ မိနစ်)၊ အောင်သိုက်၊ မျိုးမင်းထွန်း၊ ဇင်မင်းဦး

အ၀ါကဒ် အနီကဒ် ထိကြသူများ

ဇေယျာရွှေမြေ - နိုင်ဦးလွင် (၅၂ မိနစ်)(၀ါ)၊ အောင်သိုက် (၈၈ မိနစ်)(၀ါ)၊

ဂိုးသွင်းသူများ

ဇေယျာရွှေမြေ - မရှိ
ရန်ကုန် ယူနိုက်တက် - ကြည်လင်း (၂)ဂိုး၊ မျိုးမင်းထွန်း (၁)ဂိုး၊ မက်ဆီပို (၁)ဂိုး

ပွဲကြီးကြပ်သူ

ကွင်းလယ်ဒိုင် - ဦးဝင်းချို
အရန်ဒိုင် (၁) - ဦးထွန်းရီ
အရန်ဒိုင် (၂) - ဦးမျိုးဝင်း
စတုတ္ထဒိုင် - ဦးလှတင့်
ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့်
ဒိုင်ကြီးကြပ်သူ - အဇူမီဘင်အဗ္ဗဒူလာ
အထွေထွေ မန်နေဂျာ - ဦးဝင်းသူမိုး

credit - soccermyanmar


ရန်ကုန်ယူနိက်တက် မိတ်ဆတ်ပွဲအခမ်းအနား








နိုင်ငံခြားသား ကစားသမား (၃)ဦးအား ရန်ကုန် ယူနိုက်တက်အသင်း စာချုပ်ချုပ်ဆို

ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့(မေ ၁၃) ညနေတွင် နိုင်ငံခြားသား ကစားသမား (၃)ဦးအား အသင်းသို့ တရားဝင် ခေါ်ယူစာချုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အခြေစိုက် ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ကစားသမား (၃)ဦးအား ထိုင်းကလပ် တယ်ရို ဆက်ဆနာမှ ခေါ်ယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် မူလက ကစားသမား ၅ ဦးအထိ ခေါ်ယူ ထားသော်လည်း မြန်မာနိုင်ငံ၌ ပြန်လည် စမ်းသပ်ပြီးနောက် ကျန်နှစ်ဦးအား သဘော မကျသဖြင့် သုံးဦးကိုသာ စာချုပ် ချုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကစားသမား များကို (၄)လစီသာ စာချုပ် ချုပ်ထားပြီး ခြေစွမ်းပေါ် မူတည်၍ စာချုပ် သက်တမ်းတိုးသင့် မတိုးသင့် စဉ်းစားမည်ဟု အသင်း၏ CEO ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့သည်။ ထို့ကြောင့် ရန်ကုန် ယူနိုက်တက်သည် နိုင်ငံခြားသား ကစားသမား များကို ပထမဆုံး တရားဝင် စာချုပ်သည့် အသင်း ဖြစ်လာခဲ့သည်။



“ကျွန်တော်တို့ အသင်း ပိုင်ရှင်နဲ့ တယ်ရိုဆက်ဆနာ အသင်းပိုင်ရှင်တို့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါကြောင့် ဒီကစား သမားတွေရဲ့ ပြောင်းရွှေ့ကြေး ကိစ္စကို နောက်မှပဲ ရှင်းမှာ ဖြစ်ပြီး လောလောဆယ် စာချုပ်ချုပ်ဖို့ သတ်မှတ်ထားတဲ့ ကာလ ကုန်ဆုံးတော့မှာ ဖြစ်လို့ အဲဒါကို အရင်ဦးစား ပေးလိုက်တာပါ” ဟု ဦးစိုင်းခင်မောင်အေးက ပြောကြား သွားခဲ့သည်။

ရန်ကုန် ယူနိုက်တက် ခေါ်ယူသည့် ကစားသမားများ

၁။ Missipo Ndathng (ကင်မရွန်း) ရှေ့တန်း လစာ ဒေါ်လာ ၁၂၀၀
၂။ Kera Abdoul Kadri (အိုင်ဗရီကို့စ်) နောက်တန်း လစာ ဒေါ်လာ ၁၂၀၀
၃။ Njoh Labeau (ကင်မရွန်း) အလယ်တန်း လစာ ဒေါ်လာ ၁၂၀၀


..........Yangon United - FC..........

..........Yangon United - FC..........

ကလပ်အသင်းအကြောင်း

ပိုင်ရှင် - ဦးတေဇ
အသင်းအုပ်ချုပ်သူ - ဦးအောင်ကျော်လွင်
နည်းပြချုပ် - ဦးမျိုးလှိုင်ဝင်း
လက်ထောက်နည်းပြ - ဦးတင်မောင်ထွန်း ၊ ဦးအေးနိင် ၊ ဦးထွန်းတင့်အောင်
အသင်းခေါင်းဆောင် - အောင်အောင်ဦး
အိမ်ကွင်း - အောင်ဆန်းကွင်း
Main Sponsor - Air Bagan

အသင်းသားများ

မျိုးမင်းထွန်း ၊ အောင်အောင်ဦး ၊
စိုးလင်းထွန်း ၊ ကျော်သူရ ၊
ကျော်စွာဝင်း ၊ ဌေးအောင် ၊
ကျော်ဒန်း ၊ ကြည်လင်း ၊
ရာဇာစိုး ၊ တင်ဝင်းအောင် ၊
အောင်သိုက် ၊နိင်ဦးလွင် ၊
ဒေးဗစ်ဒန်း ၊ နိင်ဇေယျာထွန်း ( ဂိုး ) ၊
ရန်အောင်ဝင်း ၊ ဇင်မင်းဦး ၊
ကျော်ဇေယျာဝင်း ၊ စောအယ်ထူး ၊
ဝိုင်းချစ်အောင် ၊ ရွှေလှိုင်းဝင်း ၊
ပြည့်ဖြိုးအောင် ၊ ရန်နိင်ထွန်း ၊
မင်းမင်း ၊မြတ်ထူးနိင်

ရန်ကုန်သားတွေ အော်ကြမယ်