Showing posts with label ကစားသမားခေါ်ယူခြင်း. Show all posts
Showing posts with label ကစားသမားခေါ်ယူခြင်း. Show all posts

နိုင်ငံခြားသား ကစားသမား (၃)ဦးအား ရန်ကုန် ယူနိုက်တက်အသင်း စာချုပ်ချုပ်ဆို

ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့(မေ ၁၃) ညနေတွင် နိုင်ငံခြားသား ကစားသမား (၃)ဦးအား အသင်းသို့ တရားဝင် ခေါ်ယူစာချုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အခြေစိုက် ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ကစားသမား (၃)ဦးအား ထိုင်းကလပ် တယ်ရို ဆက်ဆနာမှ ခေါ်ယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် မူလက ကစားသမား ၅ ဦးအထိ ခေါ်ယူ ထားသော်လည်း မြန်မာနိုင်ငံ၌ ပြန်လည် စမ်းသပ်ပြီးနောက် ကျန်နှစ်ဦးအား သဘော မကျသဖြင့် သုံးဦးကိုသာ စာချုပ် ချုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကစားသမား များကို (၄)လစီသာ စာချုပ် ချုပ်ထားပြီး ခြေစွမ်းပေါ် မူတည်၍ စာချုပ် သက်တမ်းတိုးသင့် မတိုးသင့် စဉ်းစားမည်ဟု အသင်း၏ CEO ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့သည်။ ထို့ကြောင့် ရန်ကုန် ယူနိုက်တက်သည် နိုင်ငံခြားသား ကစားသမား များကို ပထမဆုံး တရားဝင် စာချုပ်သည့် အသင်း ဖြစ်လာခဲ့သည်။



“ကျွန်တော်တို့ အသင်း ပိုင်ရှင်နဲ့ တယ်ရိုဆက်ဆနာ အသင်းပိုင်ရှင်တို့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါကြောင့် ဒီကစား သမားတွေရဲ့ ပြောင်းရွှေ့ကြေး ကိစ္စကို နောက်မှပဲ ရှင်းမှာ ဖြစ်ပြီး လောလောဆယ် စာချုပ်ချုပ်ဖို့ သတ်မှတ်ထားတဲ့ ကာလ ကုန်ဆုံးတော့မှာ ဖြစ်လို့ အဲဒါကို အရင်ဦးစား ပေးလိုက်တာပါ” ဟု ဦးစိုင်းခင်မောင်အေးက ပြောကြား သွားခဲ့သည်။

ရန်ကုန် ယူနိုက်တက် ခေါ်ယူသည့် ကစားသမားများ

၁။ Missipo Ndathng (ကင်မရွန်း) ရှေ့တန်း လစာ ဒေါ်လာ ၁၂၀၀
၂။ Kera Abdoul Kadri (အိုင်ဗရီကို့စ်) နောက်တန်း လစာ ဒေါ်လာ ၁၂၀၀
၃။ Njoh Labeau (ကင်မရွန်း) အလယ်တန်း လစာ ဒေါ်လာ ၁၂၀၀


..........Yangon United - FC..........

..........Yangon United - FC..........

ကလပ်အသင်းအကြောင်း

ပိုင်ရှင် - ဦးတေဇ
အသင်းအုပ်ချုပ်သူ - ဦးအောင်ကျော်လွင်
နည်းပြချုပ် - ဦးမျိုးလှိုင်ဝင်း
လက်ထောက်နည်းပြ - ဦးတင်မောင်ထွန်း ၊ ဦးအေးနိင် ၊ ဦးထွန်းတင့်အောင်
အသင်းခေါင်းဆောင် - အောင်အောင်ဦး
အိမ်ကွင်း - အောင်ဆန်းကွင်း
Main Sponsor - Air Bagan

အသင်းသားများ

မျိုးမင်းထွန်း ၊ အောင်အောင်ဦး ၊
စိုးလင်းထွန်း ၊ ကျော်သူရ ၊
ကျော်စွာဝင်း ၊ ဌေးအောင် ၊
ကျော်ဒန်း ၊ ကြည်လင်း ၊
ရာဇာစိုး ၊ တင်ဝင်းအောင် ၊
အောင်သိုက် ၊နိင်ဦးလွင် ၊
ဒေးဗစ်ဒန်း ၊ နိင်ဇေယျာထွန်း ( ဂိုး ) ၊
ရန်အောင်ဝင်း ၊ ဇင်မင်းဦး ၊
ကျော်ဇေယျာဝင်း ၊ စောအယ်ထူး ၊
ဝိုင်းချစ်အောင် ၊ ရွှေလှိုင်းဝင်း ၊
ပြည့်ဖြိုးအောင် ၊ ရန်နိင်ထွန်း ၊
မင်းမင်း ၊မြတ်ထူးနိင်

ရန်ကုန်သားတွေ အော်ကြမယ်