ရန်ကုန် ယူနိုက်တက် (၀-၂) မကွေး FC ပွဲစဉ် ပွဲပြီး ပြောစကားများ

နာမည်ကြီး ရန်ကုန် ယူနိုက်တက်အား မကွေးအသင်းက ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် နှစ်ဖက် အသင်း နည်းပြများ၏ တုံ့ပြန် ပြောကြားခဲ့သည်များအား Soccer Myanmar ပရိသတ်ကြီးထံ အရောက် တင်ဆက်ပေးလိုက် ရပါသည်။


“ပွဲကောင်း တစ်ပွဲပါ။ နှစ်ဘက် စလုံးက အနိုင် လိုချင်စိတ် ပြင်းပြနေလို့ အကြိတ်အနယ် ကစားခဲ့ကြ ပါတယ်။ နိုင်ဦးလွင်ရဲ့ အနီက်းနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်သူ့ကို သေချာ ပြန်မမေး ရသေးပါဘူး။ ဒါကြောင့် လောလောဆယ်တော့ ဒိုင်လူကြီးကို ဘာမှ မဝေဖန်ချင် သေးပါဘူး။ မက်ဆီပိုဟာ လေ့ကျင့်ခန်းမှာ ဒူးနာသွားလို့ မထည့်ဖြစ်တာပါ။ သူ့ကို သွေးပူ လေ့ကျင့်ခန်း လုပ်ခိုင်းကြည့် ပါသေးတယ်။ အဆင်မပြေလို့ မထည့်တာပါ။ ကျွန်တော်တို့ဟာ ဒီပွဲ အတွက် သေချာ ပြင်ခဲ့ပေမယ့် အမှားအယွင်း လေးတွေ ရှိခဲ့လို့ ရှုံးနိမ့် ခဲ့ရတာပါ။ ဘောလုံးပွဲမှာ အရှုံးနဲ့ အနိုင်ဆိုတာ အမြဲရှိပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော့် ကလေးတွေ ကြိုးစားခဲ့ကြတယ်။ လိုအပ်ချက်တွေ ရှိနေသေး လို့သာ အနိုင်မရ ခဲ့တာပါ။ ဒီနေ့ ကစားပံကို ကျေနပ်ပါတယ်၊ ပြိုင်ပွဲက မပြီးသေးပါဘူး။ နောက်ပွဲတွေမှာ ဒီပွဲရဲ့ အမှား တွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ကစားနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ဂိုး ပေးရပြီးမှ နိုင်ငံခြားသား တွေကို ထည့်တာဟာ သူတို့ အနေနဲ့ အသင်းအပေါ် ဘယ်လိုများ ပေးဆပ်နိုင်မလဲ ဆိုတာကို သိချင်လို့ပါ”

ဦးမျိုးလှိုင်ဝင်း (ရန်ကုန်အသင်း နည်းပြချုပ်)

“ဒီပွဲအတွက် ကျွန်တော် တော်တော်လေး ပြင်ဆင် ထားပါတယ်။ မနေ့ညက တစ်ညလုံးလည်း ကောင်းကောင်း မအိပ် ရသေးပါဘူး။ ကျွန်တော့် ကစားသမား တွေဟာ ပထမပွဲရော ဒုတိယပွဲမှာပါ ပြင်းပြင်းထန်ထန် ကစားသွားခဲ့ ပါတယ်။ ဒီနေ့ ရလဒ်ဟာ အကောင်းဆုံး ရလဒ်ပါ။ အသင်းခေါင်းဆောင် လွင်ဦးဟာ ဒဏ်ရာ ရှိနေပေမယ့် အားလုံးတွေ့တဲ့ အတိုင်း အကောင်းဆုံး ကစားသွားပါတယ်။ ကျွန်တော်တို့ဟာ ကစားသမား တွေကို ဘယ်အချိန် မှာ လူစားလဲမယ် ဆိုတာကို နည်းဗျူဟာ ကျကျ ကြိုတင်ပြင်ဆင် ထားတာပါ။ မျိုးလှိုင်ဝင်းဟာ လူငယ်တွေထဲမှာ နည်းပြ ဆရာကောင်း တစ်ယောက်ပါ။ ကျွန်တော်နဲ့ စာရင် အတွေ့အကြုံ လေးတွေတော့ လိုသေး တာပေါ့နော်။ ကျွန်တော်က ဒီလောကထဲကို ရောက်နေတာလည်း ကြာပြီလေ။ သူဟာ နောက်ပိုင်းကျရင် လက်ရွေးစင် အသင်းအတွက် အားထားရတဲ့ နည်းပြကောင်း တစ်ယောက် ဖြစ်လာနိုင်ပါတယ်”

ဦးကြည်လွင် (မကွေးအသင်း နည်းပြ)

credit - soccermyanmar


Comments

0 Responses to "ရန်ကုန် ယူနိုက်တက် (၀-၂) မကွေး FC ပွဲစဉ် ပွဲပြီး ပြောစကားများ"

Post a Comment

..........Yangon United - FC..........

..........Yangon United - FC..........

ကလပ်အသင်းအကြောင်း

ပိုင်ရှင် - ဦးတေဇ
အသင်းအုပ်ချုပ်သူ - ဦးအောင်ကျော်လွင်
နည်းပြချုပ် - ဦးမျိုးလှိုင်ဝင်း
လက်ထောက်နည်းပြ - ဦးတင်မောင်ထွန်း ၊ ဦးအေးနိင် ၊ ဦးထွန်းတင့်အောင်
အသင်းခေါင်းဆောင် - အောင်အောင်ဦး
အိမ်ကွင်း - အောင်ဆန်းကွင်း
Main Sponsor - Air Bagan

အသင်းသားများ

မျိုးမင်းထွန်း ၊ အောင်အောင်ဦး ၊
စိုးလင်းထွန်း ၊ ကျော်သူရ ၊
ကျော်စွာဝင်း ၊ ဌေးအောင် ၊
ကျော်ဒန်း ၊ ကြည်လင်း ၊
ရာဇာစိုး ၊ တင်ဝင်းအောင် ၊
အောင်သိုက် ၊နိင်ဦးလွင် ၊
ဒေးဗစ်ဒန်း ၊ နိင်ဇေယျာထွန်း ( ဂိုး ) ၊
ရန်အောင်ဝင်း ၊ ဇင်မင်းဦး ၊
ကျော်ဇေယျာဝင်း ၊ စောအယ်ထူး ၊
ဝိုင်းချစ်အောင် ၊ ရွှေလှိုင်းဝင်း ၊
ပြည့်ဖြိုးအောင် ၊ ရန်နိင်ထွန်း ၊
မင်းမင်း ၊မြတ်ထူးနိင်

ရန်ကုန်သားတွေ အော်ကြမယ်